CEO AI System Set Up · ၁:၁

သင့်လုပ်ငန်းက သင်နဲ့အတူ စဉ်းစားပေးတဲ့ စနစ် တည်ဆောက်ပေးပါတယ်။

ပိုမြန်မြန်၊ ပိုမှန်မှန် ဆုံးဖြတ်နိုင်ဖို့ — သင့်ကိန်းဂဏန်း အစစ်တွေပေါ်မှာ AI စနစ်ကို အတူတူ တည်ဆောက်ပါမယ်။ ၃ ကြိမ်၊ ၃ ပတ်အတွင်း ပြီးပါတယ်။

ပထမဆုံး ၁၅ မိနစ် စကားပြောတာ အခမဲ့ပါ — သင့်တော်မှ ဆက်ကြပါမယ်။

Min Than Htut

Min Than Htut

Founder, Better Version
ကိုယ်တိုင် လုပ်ပေးပါတယ်

ဆုံးဖြတ်ချက် တစ်ခု ချဖို့ ဘယ်လောက် ကြာနေလဲ?

အခု

ကိန်းဂဏန်းတွေက Excel၊ Viber၊ ခေါင်းထဲ အနှံ့ ပြန့်နေတယ်။ ဆုံးဖြတ်ရမယ့်အချိန် ရောက်မှ ရှာ၊ မေး၊ စောင့် — ပြီးတော့ အာရုံနဲ့ပဲ ဆုံးဖြတ်လိုက်ရတယ်။

ပြီးသွားရင်

သင် ထိုင်မေးစရာ မလိုဘဲ ဆုံးဖြတ်ချက် အထောက်အကူက ရောက်လာတယ်။ မေးလိုက်ရင်လည်း သင့်ကုမ္ပဏီအကြောင်း သိပြီးသားနဲ့ ဖြေတယ်။

ဒါ AI သုံးနည်း သင်တန်း မဟုတ်ပါ။ အဲဒါက Better Version သင်တန်းတွေမှာ ရှိပြီးသားပါ — ဒီဟာက သင့်လုပ်ငန်းအတွက် စနစ် တည်ဆောက်ပေးတာပါ။

ပြီးသွားရင် လက်ထဲမှာ ရှိနေမယ့် ၆ ခု

ကုမ္ပဏီ ဦးနှောက်

ဈေးနှုန်း၊ ကုန်ကျစရိတ်၊ ဝန်ထမ်း၊ Customer၊ မူဝါဒ၊ ရှေ့က ဆုံးဖြတ်ချက်တွေ ထည့်ထားပြီးသား။ မေးတိုင်း သင့်ကုမ္ပဏီအကြောင်း သိနေမယ်။

မနက်တိုင်း Decision Brief

အစီရင်ခံစာ မဟုတ်ပါ — “ဒီနေ့ ဆုံးဖြတ်ရမယ့် ၃ ခု” ကို ရွေးစရာနဲ့ ကိန်းဂဏန်းနဲ့ အတူ ပို့ပေးမယ်။ သင် မမေးရ — ရောက်လာတယ်။

ဆုံးဖြတ်ချက် Prompt ၁၀ ခု

သင့်ကိန်းဂဏန်း အစစ်တွေနဲ့ တွဲထားပြီးသား — ဈေးတင်သင့်လား · ဝန်ထမ်း ထပ်ခန့်သင့်လား · ဒီ Deal တန်လား · ဘယ် Customer ကို လွှတ်သင့်လဲ။

အလိုအလျောက် ၃ ခု

ရောင်းအား အကျဉ်းချုပ် · ငွေမပေးသူ သတိပေး · Customer စာပြန် မူကြမ်း · အစည်းအဝေး မှတ်တမ်း · ပြိုင်ဘက် စောင့်ကြည့် · ပစ္စည်းလက်ကျန် — ထဲက ၃ ခု ရွေးပါ။

Partner / Board ကို ပြလို့ရတဲ့ စာမျက်နှာ

ဆုံးဖြတ်ချက်တစ်ခုကို သင့်ကိန်းဂဏန်း အစစ်တွေနဲ့ တစ်မျက်နှာစာ ပုံစံ — ရှင်းပြရတာ မြန်တယ်။

၃၀ ရက် ပံ့ပိုးမှု

BV Chat မှာ သင့်အတွက် သီးသန့် Channel + ရက် ၃၀ ပြည့်ရင် ၃၀ မိနစ် ဖုန်း တစ်ကြိမ်။

ဘယ်လို လုပ်မလဲ

  1. ၀

    အခမဲ့ ဖုန်း · ၁၅ မိနစ်

    သင့်လုပ်ငန်းနဲ့ သင့်တော်မလား အရင် နားထောင်ပါမယ်။ ပိုက်ဆံ မယူသေးပါ။

  2. ၁

    ရှာဖွေခြင်း · ၉၀ မိနစ်

    ဘယ်လို အလုပ်လုပ်နေလဲ၊ ဘာ Software သုံးလဲ၊ Data ဘယ်မှာလဲ၊ ဘာ စိတ်ညစ်နေလဲ၊ ဘာ ဖြစ်ချင်လဲ။

  3. ၂

    တည်ဆောက်ခြင်း · ၉၀ မိနစ်

    အတူတူ တကယ် Set up လုပ်ပါမယ်။ ပြီးရင် ၂ ပတ် သင်ကိုယ်တိုင် သုံးကြည့်ပါ။

  4. ၃

    ပြန်စစ်ခြင်း · ၉၀ မိနစ်

    တကယ် သုံးဖြစ်လား၊ ဘာ အဆင်မပြေလဲ — ပြင်ပေးပါမယ်။

ပြီးရင် ၃၀ ရက် BV Chat မှာ ဆက်မေးလို့ရပါတယ်။

Min Than Htut — Business AI Hackathon မှာ

📝 တစ်ကြိမ်ပြီးတိုင်း မှတ်တမ်းနဲ့ နောက်ထပ်လုပ်ရမယ့်အရာ

ဆွေးနွေးခဲ့တာ၊ ဆုံးဖြတ်ခဲ့တာ၊ နောက်တစ်ကြိမ် မတိုင်ခင် လုပ်ရမယ့်အရာတွေကို သင့်အကောင့်ထဲမှာ ရေးပေးထားပါမယ်။ မေ့စရာ မလိုပါ။

✅ ဘယ်သူတွေအတွက်လဲ

  • ✓လုပ်ငန်း ရှိပြီးသား Owner / Founder / Director
  • ✓နေ့တိုင်း ဆုံးဖြတ်ချက်တွေ ချနေရပြီး ကိန်းဂဏန်း ရှာရတာ အချိန်ကုန်နေသူ
  • ✓AI ကို သင်ယူဖို့ထက် လုပ်ငန်းထဲ တန်းသုံးချင်သူ

✋ ဘယ်သူတွေအတွက် မဟုတ်လဲ

  • —AI သုံးနည်း သင်တန်း ရှာနေတာဆိုရင် — Live Class / Online သင်တန်းက ပိုသင့်ပါတယ်
  • —Video ကြည့်ပြီး ကိုယ့်ဘာသာ လေ့လာချင်သူ
  • —အချိန် လုံးဝ မပေးနိုင်သူ — ၃ ပတ်အတွင်း ၃ ကြိမ် ထိုင်ရပါတယ်

ဝန်ဆောင်ခ

ပုံမှန်

သိန်း ၄၀

၃ ကြိမ် · ၃ ပတ်အတွင်း · ၃၀ ရက် ပံ့ပိုးမှု ပါ

တည်ထောင်သူ ၃ နေရာသာ

သိန်း ၂၅

လျှော့ဈေး မဟုတ်ပါ — လဲလှယ်မှုပါ။ ရလဒ်အကြောင်း ထောက်ခံချက်၊ သင့်ဖြစ်ရပ်ကို အခြားသူတွေကို ပြခွင့်၊ သင့်တော်မယ့် လုပ်ငန်းရှင် ၂ ယောက် မိတ်ဆက်ပေးဖို့။

  • • ငွေ — Booking လုပ်ချိန် ၅၀%၊ ဒုတိယအကြိမ် ပြီးမှ ၅၀%
  • • ရန်ကုန်တွင်း လူချင်းတွေ့ — တစ်ကြိမ် သိန်း ၃ ထပ်ဆောင်း
  • • မပါဝင်တာ — ChatGPT Plus (လစဉ် ~$20) နဲ့ Tool အခ (သင့်ကိုယ်ပိုင် အကောင့်)

မေးလေ့ရှိတာ

ဒါ သင်တန်းလား?

မဟုတ်ပါ။ Video မပါ၊ စာမေးပွဲ မရှိပါ။ သင့်လုပ်ငန်းရဲ့ ကိန်းဂဏန်း အစစ်တွေနဲ့ ဆုံးဖြတ်ချက် ချရတာ ပိုလွယ်အောင် စနစ်တစ်ခု အတူတူ တည်ဆောက်ပေးတာပါ။

ဘယ်လောက် ကြာလဲ?

၃ ကြိမ်၊ ၃ ပတ်အတွင်း ပြီးပါတယ်။ ငွေပေးပြီးတဲ့နေ့ကစ ၃ ပတ်အတွင်း ၃ ကြိမ်လုံး ချိန်းရပါမယ် — နောက်မှ မငြင်းရအောင် ကြိုပြောထားတာပါ။

Online လား၊ လူချင်းတွေ့လား?

ပုံမှန်က Online ပါ။ ရန်ကုန်တွင်း လူချင်းတွေ့ချင်ရင် တစ်ကြိမ် သိန်း ၃ ထပ်ဆောင်းပါတယ်။ ရန်ကုန်ပြင်ပဆိုရင် ခရီးစရိတ်ကို သီးခြား ညှိပါမယ်။

ဝန်ဆောင်ခ အပြင် ဘာ ကုန်ဦးမလဲ?

ChatGPT Plus (လစဉ် ~$20) နဲ့ သုံးမယ့် Tool တွေရဲ့ ခ ပါ။ ဒီအကောင့်တွေက သင့်ပိုင်ပါ — ပြီးသွားလည်း သင်ပဲ ဆက်ပိုင်ပါတယ်။

ငွေ ဘယ်လို ပေးရလဲ?

Booking လုပ်ချိန် ၅၀%၊ ဒုတိယအကြိမ် ပြီးမှ ကျန် ၅၀%။

သင့်လုပ်ငန်းနဲ့ သင့်တော်လား အရင် စကားပြောကြည့်ရအောင်

၁၅ မိနစ် · အခမဲ့ · ဘာမှ ဝယ်စရာ မလိုသေးပါ

V