ဝန်ဆောင်မှုအတွေ့အကြုံကောင်းနဲ့ ပြိုင်ဘက်ထက် ကွဲထွက်ပြီး ဖောက်သည်ကို ရေရှည်ထိန်းသိမ်းပါ
Customer Value, Service Design, Relationship နဲ့ Service Recovery ကို ချိတ်ဆက်ပြီး ထပ်ခါထပ်ခါရွေးချယ်ခံရတဲ့ ဝန်ဆောင်မှုကို တည်ဆောက်ပါ။
Self-paced Online Video Course
“ပလိုင်းပေါက်နဲ့ ဖားကောက်နေသလို မဖြစ်ရအောင်” - Better Customer Services ပိုကောင်းတဲ့ ဝန်ဆောင်မှုတွေနဲ့ ယှဥ်ပြိုင်ပါ။ လုပ်ငန်းတူတွေ၊ ထုတ်ကုန်တူတဲ့ လုပ်ငန်းတွေ ပြိုင်ဘက်တွေ များလာတယ်။ ငါတို့ကတော့ အရည်အသွေးနဲ့ ပြိုင်မယ်။ ဈေးနဲ့တော့ ဘယ်တော့မှမပြိုင်ဘူး။ အရည်အသွေးတူရင်တောင် ကျွန်တော်/ကျွန်မတို့ ကတော့ ဝန်ဆောင်မှု ပိုကောင်းအောင်လုပ်ပြီးပြိုင်မယ်။ ဒါဆို ဝန်ဆောင်မှုကောင်းအောင် ဘယ်လိုလုပ်ကြမှာလဲ။ ဝယ်သူတွေနဲ့ တိုက်ရိုက်ထိတွေ့နေရတဲ့ ဝန်ထမ်းတွေကို ဘာတွေသင်ပေးရမှာလဲ။ Customer Service Strategy က ဘာဖြစ်မလဲ… ဝန်ဆောင်မှု ပိုကောင်းအောင် လုပ်နိုင်ဖို့အတွက် ➡️ ၁) ကိုယ်တိုင် ဝန်ဆောင်မှု ဆိုတာ ဘာလဲဆိုတာ ရှင်းလင်းဖို့လိုတယ်။ ➡️ ၂) “ပလိုင်းပေါက်နဲ့ ဖားကောက်နေသလို မဖြစ်ရအောင်” ဝန်ဆောင်မှု စည်းမျဥ်းတွေကို နားလည်ပြီးတော့ ဝယ်သူတွေနဲ့ ရေရှည်ဆက်ဆံရေး တည်ဆောက်နိုင်မယ့် နည်းလမ်းတွေကို သိထားရမယ် ➡️ ၃) ဝန်ဆောင်မှု ပိုကောင်းလုပ်ဖို့အတွက် နားလည်ထားရမယ့် နည်းလမ်းတွေ၊ ရှုထောင့်တွေကို ကျေညက်ပြီးတော့ ကိုယ့်လုပ်ငန်းရဲ့ ဝန်ဆောင်မှု ပိုကောင်းအောင်လုပ်မယ့် ဗျူဟာတွေကို စနစ်တကျ ရွေးချယ် ချမှတ်နိုင်ဖို့လိုပါတယ်။ ဒီလိုအသိပညာတွေကို ဖြည့်ဆည်းပြီး ဝန်ဆောင်မှုကောင်းကောင်းနဲ့ ဈေးကွက်ထဲမှာ ယှဥ်ပြိုင်မှုစွမ်းအားကို မြှင့်တင်နိုင်ဖို့အတွက် Better Customer Service Online Course ကို ◼︎ Customer Service Staffs တွေ ◼︎ဝယ်သူတွေနဲ့ တိုက်ရိုက်ထိတွေ့နေရတဲ့ Sales & Marketing Staffs တွေ ◼︎ Supervisor တွေ၊ မန်နေဂျာတွေ အပြင် ◼︎အသေးစား၊ အလတ်စား လုပ်ငန်းရှင်တွေအတွက်ပါ လေ့လာနိုင်ဖို့ စီစဥ်ပေးလိုက်ပါတယ်။ ဒီသင်တန်းမှာ သင်ကြားမယ့်အကြောင်းအရာတွေဟာ ဝန်ဆောင်မှု လုပ်ငန်းအမျိုးအစားတစ်ခု ဖြစ်တဲ့ ခရီးသွားလုပ်ငန်း တစ်ခုကို TripAdvisor မှာ ခြောက်နှစ်ဆက်တိုက် ဆုရစေခဲ့နည်းလမ်းတွေလဲ ဖြစ်ပါတယ်။ — တစ်ပတ်တာ အချိန်ပေးလေ့လာပြီး ဆရာနဲ့ပါ တိုက်ရိုက်မေးမြန်းဆွေးနွေးနိုင်ဖို့အတွက် စီစဥ်ပေးထားပါတယ်။ —- သင်တန်းကြေးကိုလဲ အားလုံးတတ်နိုင်အောင် စီစဥ်ပေးထားပါသေးတယ်။ Company များမှ ဝန်ထမ်းများကို တက်ရောက်စေချင်တယ်ဆိုရင်လဲ Corporate Special Offer ကို ၅ ယောက်ကနေ စပြီး ရယူနိုင်ပါတယ်။ (အသေးစိတ်ကို မက်ဆေ့ကနေ စုံစမ်းနိုင်ပါတယ်။) — “ပလိုင်းပေါက်နဲ့ ဖားကောက်နေသလို မဖြစ်ရအောင်” - Better Customer Services ပိုကောင်းတဲ့ ဝန်ဆောင်မှုတွေနဲ့ ယှဥ်ပြိုင်ပါ။ “BCS” လို့ မက်ဆေ့ပို့ပြီး စုံစမ်းလိုက်ပါ။
ဝယ်သူအတွက် တကယ်တန်ဖိုးရှိတာနဲ့ မျှော်လင့်ချက်ကို သိပြီး Service Decision မှာ အသုံးချနိုင်မည်။
Service Blueprint နဲ့ Critical Incident ကို သုံးပြီး Customer Journey ထဲက အားနည်းချက်များ ရှာနိုင်မည်။
Relationship Bond နဲ့ Development Strategy များဖြင့် ဖောက်သည်ပြန်လာစေနိုင်မည်။
Service Failure နဲ့ Recovery ကို စနစ်တကျကိုင်တွယ်ပြီး ယုံကြည်မှု ပြန်တည်ဆောက်နိုင်မည်။
Service Standard, Complaint Handling နဲ့ Recovery Process တည်ဆောက်ရန်
Customer Journey ထဲက Bottleneck နဲ့ Quality Gap ကို ပြင်ရန်
Relationship နဲ့ Experience ကို အသုံးပြုပြီး Retention တိုးရန်
Distinction of Services over Product
Understanding Customer Values
https://vimeo.com/689917146?fl=ls&fe=ec
Type of Services
Relationship Factors
10 Principles for Service
Relationship Development Strategies
ကိုယ့်လုပ်ငန်းရဲ့ Customer Journey တစ်ခုနဲ့ လက်ရှိကြုံရတဲ့ Complaint ၃ ခုလောက်ကို စာရင်းပြုစုထားရင် ပိုအသုံးဝင်ပါတယ်။
အသုံးဝင်ပါတယ်။ Product Business တိုင်းမှာ Sales, Delivery, Support နဲ့ After-sales Service ရှိလို့ Customer Experience ကို တိုးတက်စေနိုင်ပါတယ်။
Frontline ဝန်ထမ်းကနေ Manager နဲ့ Owner အထိ မိမိတာဝန်အလိုက် အသုံးချနိုင်အောင် Concept နဲ့ Process နှစ်မျိုးလုံး ပါပါတယ်။
Relationship Bonds
Requirements for Customer Service Staffs
Service Blue Print Introduction
Service Elements & Competitive Leverage
Critical Incident Techniques
Complaint Handling Steps
Service Quality Criteria
Flowers of Service
Final Notes